ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ မှ အမူဆောင်ရွေးကောက်ပွဲ ကို ၁၂ နာရီတွင် ကျင်းပရန်ဖြစ်သည်။ ၁၁နာရီခွဲခန့် အချိန်တွင် သမဂ္ဂကျောင်းသား အချို့ ရွေးကောက်ပွဲကျင်းပမည့် RC-2 သို့ ကြိုတင်သွားရောက်ကာ လိုအပ်သည်များ ကိုပြင်ဆင်နေ ခဲ့ကြသည်။ယင်းအချိန်တွင် ကျောင်းလုံခြုံရေးများက "မင်းတို့ကိုဘယ်သူကခွင့်ပြုလို့ လုပ်တာလဲ"ဟူသော မေးခွန်းများမေးကာ "တာဝန်အရတော့ ကျောင်းသားရေးရာ သွားအကြောင်းကြားရမှာပဲ" ဟုဆိုကာ SECURITY များ ကျောင်းသားရေးရာသို့သွား အကြောင်းကြားကြ ဟန်တူသည် ။RC-2 သို့လည်း သမဂ္ဂ ရွေးကောက်ပွဲ ကို ဆင် နွဲရန် သမဂ္ဂကျောင်းသားများ တဖွဲဖွဲ ရောက်လာသည်။ လုံခြုံရေး ဟု ယူဆရသူ တစ်ဦး က "်မကြာခင် ဒီကို (RC-2) လူကြီးတွေလာ လိမ့်မယ် မင်းတို့တွေ ဖြေရှင်းမယ့် စကားတွေကြိုရှာထားကြ " ဟု ပြောကြားသွားသည်။
အမှန် စင်စစ် ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂ သည် ရွေးကောက်ပွဲကို သိုသိုသိပ်သိပ် ပြီးသွားစေ လိုသော ဆန္ဒ ရှိခဲ့ပါသည် ။ထို့ကြောင့် သမဂ္ဂ အဖွဲ့ဝင်များ ကို ရင်ထိုးထိုးခြင်း ၊ခွပ်ဒေါင်း အလံလွှင့်ခြင်းများ မပြုလုပ်ရန် ကြိုတင် မေတ္တာရပ် ခံထား ခဲ့သည်။
၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ်ဦးဆောင်သော ကျောင်း အာဏာ ပိုင် အဖွဲ့ RC-2 သို့ ရောက်လာပြီး သမဂ္ဂ ရွေးကောက်ပွဲ ကို မပြုလုပ်ရန်တားမြစ် သည်။ ကျောင်းသားများ က ယခုရွေးကောက်ပွဲကို သိုသို သိပ်သိပ်နှင့် ပြီးသွား စေရမည်ဟု ကတိပေးပြီးရွေးကောက်ပွဲ ကို ဆက်လက် ကျင်းပခွင့်ပေးရန် တောင်းပန် သော်လည်း ဒုပါချုပ်က လုံးဝ ခွင့်ပြုမှာ မဟုတ်ကြောင်းပြောဆို ရင်း အနီးနားရှိ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးနေသော ကျောင်းသားများ ထံမှ PHONES များတောင်းယူ ကာ မှတ်တမ်းများ ကိုဖျက်ပစ်ခဲ့သည်။"ဒီနေရာ ဓာတ်ပုံမရိုက်ရ ဘူးဟုပြောသည့်အပြင် အဆိုးဆုံး မှာ လူထုပုံရိပ် ဂျာ နယ်မှ သတင်း လာယူနေသော သတင်းထောက် ကို ပင် ဓာတ်ပုံ မရိုက်ရန် ဗီဒီယို မရိုက်ရန် တားမြစ် ခြင်းပင် ဖြစ်သည်။ရွေးကောက်ပွဲကိုဆက်လက် ကျင်းပ လိုသည့် ကျောင်းသားများ နှင့် ကျင်းပခွင့် လုံးဝ မပေးလိုသော ကျောင်းအာဏာ ပိုင် များအကြား အချေအတင် ဖြစ်ပွားခဲ့သည် ။ဒု ပါချုပ် ကိုယ် တိုင် ကျောင်းသားထု ၏ ဆန္ဒ သဘောထားကို ရိုက်ချိုးပစ်ရန် မဖြစ်နိုင်တော့သည့်အခြေအနေတွင် ကျောင်းသားများထဲမှ ကိုယ်စားလှယ် ၅ ဦး ကို ကျောင်းသားရေးရာသို့ ခေါ် ဆောင်ပြီး ပါချုပ်ကြီး နှင့် တွေ့ ရှင်းရန်ပြောသည် ။ ထို့ကြောင့် ရွေးကောက်ပွဲ ဆက်လက်လုပ်ဆောင် ရန် ဟူသော ကျောင်းသားများ ၏သဘောထား ကိုယူဆောင် လျက် စိုပြေအောင် ဇင်မာလွင် ကျော်ဇင် စွမ်းကောင်း မင်းသုခ ကျောင်းသား ၅ ယောက် SSC တွင် ပါချုပ် ကြီးနှင့် တွေ့ဆုံ ကာ ဆက်လက်ကျင်းပ ခွင့်ပေးရန်တောင်းဆိုသည် ပါချုပ်ကြီး မှ ဝေ့လည်ချောင်ပတ် ပြောကာ အချိန် ဆွဲ နေခဲ့သည် ။ ယင်းပါ ချုပ်နှင့် တွေ့ နေစဉ် ဒုပါ ချုပ်များ ဆရာ ဆရာမများ စွာ က ကျောင်းသားများ ခြိမ်းခြောက် သည့် ပုံစံ မျိုးပြုမူ ခဲ့သည်။ ပြင်ပ ကျောင်းသားတစ် ဦးအနေ ဖြင့် လာရောက်လေ့လာ သော ကျောင်းသားတစ်ဦး နှင့် ပက်သက်၍ ငှာနမှူး ဦးသက်လွင် က "ငါရာထူးပြူတ်ချင် ပြုတ်ပစေ အဲဒီကောင် ကို ရဲလက်အပ် မယ် "ဟု ပြော ဆို ခဲ့သည်။ နောက်ဆုံး ပါ ချုပ် က ကျောင်းပရ၀ုဏ် အတွင်း ကျင်းပ ခွင့်မပေး ဟု ပြောကြား ခဲ့သည်။
ထို ကျောင်းသား ၅ ဦး SSC မှပြန် လာချိန်တွင် RC-2 မှ ကျောင်းသားအား လုံး နှင့် တိုင်ပင်ပြီး ပါချုပ် ခွင့်မပြုသော်လည်း ကျောင်းသားများ ဆန္ဒအရ ဒဂုံ တက္ကသိုလ် မြေပေါ်တွင် ခွပ်ဒေါင်း အလံလွှင့် ကာ ကျင်းပ ခဲ့လေ သည်။
အာဏာ ပိုင် များ က လာမည့် နေ့ရက်များ တွင် ခွင့်ပြုချက် မရီဘဲပြု လုပ်ခဲ့သော သမဂ္ဂ ကျောင်းသား များအား မည်သို့ အရေး ယူမူများပြု လုပ်ဦးမည်ကို ဆက်လက်ဖော်ပြပေး သွားပါမည် ။
— with Kyaw Zin and 3 others.

0 Responses to ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ မှ အမူဆောင်ရွေးကောက်ပွဲ

Post a Comment

မိတ်ဆက်

နရသိန် ကိုပြန်လည် ၍ဆန်းသစ် လိုက်ပါသည် ။ ယ္ခင် က မအား
၍ တစ်ကြောင်း မိမိကိစ္စများ နှင့်လုံးလည်ချာလည်လိုက် နေ၍
တစ်ကြောင်း စသည့် အကြောင်းကြောင်းများကြောင့် ဆက်မလုပ်
ဖြစ်ပေ။ ယ္ခု တစ်ဖန် ပြန်လည်၍ အသက်ဝင်လာပါပြီ

မြန်မာသတင်း

နိုင်ငံတကာ မြန်မာသတင်းများ


နရသိန်
တင်ဆက်
အောင်မိုး

အကြံပေးနိုင်ပါသည်

လူဖတ်များသောသတင်း

လာရောက်လည်ပတ်သည့်နိုင်ငံများ

ဝင်ရောက်ကြည့်ရှု့နေသည့်နိုင်ငံများ