ငွေရတုသဘင်နှင့် သစ္စာဖောက်ခံလိုက်ရတဲ့ အရေးတော်ပုံ

July 31, 2013 at 6:16pm
 မအောင်မြင်ခဲ့တဲ့ သမိုင်းကို လူရှေ့ထုတ်၊ စင်ပေါ်တင်၊ ပြီးတော့ သုံးရက်သုံးလီ ပွဲသဘင်ခံတာ ခင်ဗျား တို့ မရှက်ကြဘူးလားဗျာလို့ပဲ ပွဲစီစဉ်ကျင်းပသူတွေကို မေးခွန်ထုတ်ချင်တယ်။

“၈၈၈၈ ငွေရတု လုပ်ငန်းကော်မတီအစည်းအဝေး” တဲ့။ “အစည်းအဝေးနေ့ရက် ၂၆ ရက် ဇူလိုင် ၂၀၁၃”။ ဒီအစည်းအဝေးမှတ်တမ်းဟာ မပျောက်မပျက်ရအောင် သေချာ သိမ်းဆည်းထုပ်ပိုးပြီး ထားရှိ ရမဲ့အစည်း အဝေး မှတ်တမ်းတခုဖြစ်အောင် အရေးကြီးလာတယ်။ အစည်းအဝေးမှတ်တမ်း ကို ကောက် နူတ်ကြည့် ရရင်..

၁) ခရိုနီပိုင် Skynet ရုပ်သံက ငွေရတုပွဲကျင်းပမဲ့ ၃ ရက်လုံး လူငါးထောင်အတွက် မနက်စာ ညစာ လှူ မယ်တဲ့။ ဒါ့အပြင် သူတို့ ရုပ်သံကနေ ၃ ရက်လုံး Live လွှင့်ပေးမယ်ဆိုပဲ။

၂) တပ်မတော်ကို ဖိတ်ကြားရေးမှာ ကာကွယ်ရေးဦးစီးချုပ်မှ တိုင်းမှူးအဆင့်အထိ ဖိတ်မယ်ဆိုပဲ။  

၃) သမ္မတနှင့် ဒုသမ္မတများ ကိုယ်တိုင် မတက်ရောက်နိုင်ပါက သ၀န်လွှာတောင်းမယ်တဲ့။

၎) ခရိုနီတွေက ဟိုတယ် ၁၀ လုံးကို ဧည့်သည်တွေ တည်းခိုဖို့ အလှူပေးကြတယ်တဲ့ဗျ။ အဲဒီလိုလှူတဲ့ အလှူရှင်ခရိုနီတွေကို ဖိတ်ကြားရန်တဲ့။

ဒီအချက်တွေပါပြီဆိုတော့ ဒီအစည်းအဝေးမှတ်တမ်းဟာ နောင်လာနောက်သားတွေအထိ အစဉ် အဆက် သိမ်းဆည်းထားရမဲ့ မှတ်တမ်းတစ်စောင် ဖြစ်လာ တော့တယ်။

ဒါတွေတောင် ဖြစ်နေပြီဆိုတော့ ငွေရတုစင်ပေါ်မှာ စကားပြောမဲ့သူတွေထဲမှာ ငြိမ်းချမ်းရေးစင်တာ ဆိုတဲ့ နေရာက ကိုဇော်ဦးလို အခွင့်အရေးနဲ့ ကိုယ်ကျိုးသမား  သစ္စာဖောက်လောက်ကောင်တစ် ယောက် ပါနေတာ တယ်မဆန်း တော့ဘူး။

မေးခွန်တွေ ရှိလာတယ်။ ကျနော်တို့ ဘယ်သူ့ကို ယုံကြည်ပြီး တိုင်းပြည်အတွက် အလုပ် လုပ်ကြ တော့မှာ လဲ။ လူဆိုတာ အသက်ကြီးလာလေ ဖောက်ပြန်တတ်လေလား။ လူမြင်သူမြင် ပွဲလမ်း တွေမှာတောင် ခရိုနီတွေက စပွန်ဆာပေးနေကြလေတော့၊ လူမမြင်သူမမြင်၊ တိတ်တိတ်ပုန်း လက်သိပ်ထိုးကိစ္စတွေ ဘယ်လောက် ရှိနေသလဲ။ ခရိုနီဆိုတဲ့ကောင်တွေကတော့ ခိုးဝှက်ထားတာတွေ တည်မြဲရေးအတွက် တချိန် မှာ နိုင်ငံရေး အာဏာရဖို့ အလာအလာများစွာရှိတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းဆိုသူများကို အလျှော်အစားလုပ်မှာကတော့ သေချာသလောက်ပဲ။ ခရိုနီတွေအတွက် သိန်းထောင် ဂဏန်းဆိုတာ မယားငယ်ကိုပေးတဲ့ ထောက်ပံ့ကြေးလောက်တောင် မရှိဘူးမဟုတ်လား။

ဘယ်သူတွေ တရားပျက်ပျက် ဗကသကတော့ တရားမပျက်တာ အားတက်စရာပဲ။ “အစိုးရအဖွဲ့နဲ့ စစ်တပ် အား ဖိတ်ကြားမှုကို မရုပ်သိမ်းပေးနိုင်သည့်အတွက် ဗကသအနေဖြင့် အလုပ်ကော်မတီ အားလုံး မှ နူတ်ထွက်လိုက်သည်” တဲ့။ အစည်းအဝေးမှတ်တမ်းထဲမှာ ဒီလို အားရစရာတွေလည်း ရှိပါ တယ်။ ဒီအတိုင်းပဲ ဖြစ်ရမယ်။ ဗကသ ကျောင်းသားတွေဟာ ငယ်ရွယ်မယ်၊ အတွေ့အကြုံနဲချင်နဲမယ်၊ ဒါပေမဲ့ ဗကသဆိုတာ သမိုင်းတလျှောက်လုံး ဘယ်တုံးကမှ ဖောက်ပြန်တဲ့အလုပ်ကို မလုပ်ခဲ့ဘူး၊ ဗကသဟာ သမိုင်းစဉ်ဆက် ဘယ်တုံးကမှ အဖိနှိပ်ခံ ပြည်သူကို သစ္စာမဖောက်ဘူး။

၈၈၈၈ ငွေရတုပွဲကို အကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ဆင်ကြံကြံနေသူတွေကိုလည်း တွေ့ရ တယ်။ သူတို့ကတော့ ပြည်ပက အဖွဲ့တချို့နဲ့ လူတချို့ဖြစ်တယ်။ ဒီပွဲမှာ သူတို့ကိုယ်သူတို့ လူသိအောင် မိတ်ဆက်ဖို့၊ Self Promotion လုပ်ဖို့ သူတို့က ရည်ရွယ်တယ်။ ပြီးတော့ ပြည်တွင်းမှာ နိုင်ငံရေးခြေကုပ်ယူဖို့ ရည်ရွယ်တယ်။ ဒီအကွက်တွေက ရိုးပါတယ်ဗျာ။ အနှစ် ၂၀ ကျော်မှာ ဒါတွေက အပ်ကြောင်းထပ်နေပါပြီ။

တကယ်တော့ ၈၈၈၈ လူထုလှုပ်ရှားမှုဆိုတာ ပုဂ္ဂိုလ်တဦးတစ်ယောက် အဖွဲ့အစည်းတခုတည်းနဲ့ ဆိုင်တာ မဟုတ်ဘူး။ ရဟန်းရှင်လူ ပြည်သူအားလုံးနဲ့ ဆိုင်တယ်။ ဒီပွဲကို ကျင်းပတာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အားလုံးပါဝင်နိုင်ဖို့ ရည်ရွယ်ကျင်းပပါတယ်ဆိုတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းကို ပြောချင်တယ်။ ခင်ဗျားတို့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ချင်ရင် တခြားနေရာမှာ သွားလုပ်ကြပါ။ တခြားစင်ပေါ်မှာ သွားလုပ်ကြပါ။ ၈၈၈၈ စင်ပေါ်မှာတော့ မလုပ်ကြပါနဲ့ ဗျာ။ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် သူရဲကောင်းပီသစွာ ကျဆုံးသွားကြတဲ့ တိုက် ဖော် တိုက် ဖက်တွေရဲ့ ၀ိညာဉ်တွေကို အားနာကြပါ။ ၈၈၈၈ ငွေရတု စင်ပေါ်ကို သွေးညှီစွန်းတဲ့ ခန္ဒာကိုယ်တွေ  တက် တာ မြင်ရရင် ကျနော်တို့ ရဲဘော်တွေ ၀ိညာဉ်ဘ၀နဲ့ ငိုကြွေးနေကြမှာ စိုးရိမ်လို့ပါ။

လက်စနဲ့ တဆက်တည်းပြောစရာရှိတာက ၁၉၅၈-၆၂ ကတည်းက စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခံခဲ့ရတဲ့ တိုင်းပြည်မှာ အာဏာရှင် အငွေ့အသက် အာဏာရှင် လေထုဟာ အာဏာရှင် အသိုင်းအ၀ိုင်းတင် မကပဲ၊ အတိုက်အခံ အသိုင်းအ၀ိုင်းကိုပါ ဂယက်ရိုက်ခတ်ခံခဲ့ရတယ်။ ပြည်တွင်းက နိုင်ငံရေးအဖွဲ့ အစည်းအချို့မှာ ဒီမိုကရေစီ ကျင့်ဝတ်ကို ဖောက်ဖျက်တဲ့ လုပ်ရပ်တွေ လုပ်နေကြတယ်။ ပါတီခေါင်း ဆောင်ပိုင်းရွေးချယ် တာကအစ တစ်ဦးတစ်ယောက်တည်းက ကိုင်တွယ်ချုပ်ကိုင်ပြီး၊ သူရဲကောင်း လိုလို၊ အာဏာရှင်လိုလို လုပ်ကိုင်နေတာတွေ မြင်ရတာ ဗမာပြည် ဒီမိုကရေစီဖြစ်ထွန်းမှု ဖြစ်စဉ်အတွက် အားပျက် စိတ်ကုန် ဖွယ်ဖြစ်တယ်။

နိုင်ငံရေးသမားတွေ ကြပ်ကြပ်သတိထားကြပါ။ ဒီတိုင်းပြည်ကို ငါတို့ကယ်မှဖြစ်မှာ၊ ငါတို့မှသိတာ တတ်တာ၊ လူထုက ဘာမှသိတာ တတ်တာမဟုတ်ဘူးရယ်လို့ လူထုကို အချဉ်မမှတ်လိုက်လေနဲ့။ ဗမာပြည်သူလူထုက ဘယ်တုန်းကမှ အချဉ်မဟုတ်ခဲ့ဘူးး။ အာဏာရှင်အကျင့်တွေ၊ အာဏာရှင်နဲ့ ပုလင်းတူဗူးဆို့ လုပ်ရပ် တွေ ရပ်တန်းက မရပ်ဘူးဆိုရင် ဘယ်နိုင်ငံရေးသမားမဆို သမိုင်းဇာတ်ခုံပေါ်မှာ နာမည်ဆိုးနဲ့  ကျဆုံးဖွယ် ရှိတယ်။

နိဂုံးချုပ်အနေနဲ့ “တိုင်းတပါးကျွှန်၊ စစ်တပ်ကျွှန်၊ ဘယ်ကျွှန်မှမခ၊ံ ဒေါင်းအလံဟေ့၊ ကျောင်းနံရံ တ၀ိုက်၊ ဒေါင်းအလံပြန်စိုက်မယ်” လို့ဆိုခဲ့တဲ့ ဗသက ဥက္ကဌဟောင်း ကိုမင်းကိုနိုင်တစ်ယောက် ကျောင်းနံရံ တ၀ိုက်မှာ တကယ်ပဲ ဒေါင်းအလံတွေ ပြန်စိုက်မှာလား၊ ဒါမှမဟုတ် တိုင်းတပါးကျွန်၊ စစ်တပ်ကျွန်၊ ခရိုနီကျွန်အဖြစ် နာမည်ဆိုးနဲ့ သမိုင်းဇာတ်ခုံပေါ်ကနေ မရှူမလှ ကျဆုံးရမှာလားဆိုတာ အချိန်က အဆုံး အဖြတ်ပေးသွားမှာ ဖြစ်တယ်။ သမိုင်းဆိုတာ ဘယ်သူ့ကိုမှ ထောက်ထားငဲ့ညှာနေမှာ မဟုတ်ဘူး ဆိုတာ ပြောချင်တယ်။

ကိုထွဋ်
၇၊ ၃၁၊ ၂၀၁၃



မန္တလေးအကျဉ်းထောင်မှ့လွှက်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ကို နိုင်ကျဉ်း၊ နိုင်ကွန် နှင့် AAPP တို့ ကြိုဆို ကူညီ ကြ
======================================

ယနေ့ မန္တလေးအကျဉ်းထောင်မှ နိုင်ငံတော် လွှတ်ငြိမ်းချမ်းသာခွင့် နှင့်
လွှက်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ကို
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့
မှမန္တလေးရှိအထက်ဗမာပြည်နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်နှင့်အတူသွားရောက်ကြိုဆို့
နှုတ်ဆက် အားပေးစကားများပြောကြား ပြီး လိုအပ်သော
ကူညီထောက်ပံမှုများကိုပေးအပ်ခဲ့
(မန္တလေးထောင်မှ ၈ ဦးလွတ်မြောက်သည်။)

ယနေ့(၂၈-၇-၁၃)နေ့ နေ့လည်၁း၀၀နာရီတွင် တော်ဝင်နှင်းဆီ၊ ငြိမ်းချမ်းခန်းမ၌ ပြည်တွင်းစစ်ဖြစ်ရခြင်းအကြောင်းရင်းများဆ်ုင်ရာ ဟောပြောဆွေးနွေးပွဲတစ်ရပ်ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒေါ်ခင်မမမျိုး(MIPSS)က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ခဲ့ပြီး စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြပါသည် ။
(5 photos)


ယနေ့ နေ့လည် (၃)နာ ရီ ခန့် က နိုင်ငံတော် လွှတ်ငြိမ်းချမ်းသာခွင့် နှင့်မြန်မာနိုင်ငံအကျဉ်းထောင် အချို့မှ အကျဉ်းသား စုစုပေါင်း (၇၃)ဦးတို့အားလွှတ်ပေးလိုက်သည်။ယခုလွှက်မြောက်လာသော အကျဉ်းသားများမှာ အင်းစိန် အကျဉ်းထောင် မှ (၆) ဦး၊ ရွှေဘိုအကျဉ်းထောင်မှ (၅) ဦး၊ င်္ဟသာတအကျဉ်းထောင် မှ (၁) ဦး၊မော်လမြိုင် အကျဉ်းထောင် မှ (၁) ဦး သာယာဝတီ အကျဉ်းထောင် မှ (၈)ဦး၊မြစ်ကြီးနားအကျဉ်းထောင် မှ (၁၆)ဦီး ၊ မန္တလေးအကျဉ်းထောင်မှ (၈)ဦး၊ လှေ လှော်အင်း ရဲဘက်စခန်းအကျဉ်းစခန်းမှ (၁)ဦး၊ တို့ဖြစ်ပြီး ကြပြီး ယင်းသို့ နိုင်ငံတော်လွက်ငြိမ်းချမ်းသာခွင့် ဖြင့် လွက်မြောက်လာသော အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသား (၆၈)ဦးတို့ ပါဝင်ကြသည်ဟုသိရသည်။ နောက်ဆက်တွယ် ရရှိသောသတင်းများကိုလည်းဆက်လက်ဖော်ပြပေးပါမည်။
(2 photos)

ယနေ့ နိုင်ငံတော် လွှတ်ငြိမ်းချမ်းသာခွင့် နှင့် လွှက်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှသွားရောက်ကြိုဆို့ နှုတ်ဆက် အားပေးစကားများပြောကြား ပြီး လိုအပ်သော ကူညီထောက်ပံမှုများကိုပေးအပ်ခဲ့
==============================================
ယနေ့ နေ့လည် (၃)နာ ရီ ခန့် က နိုင်ငံတော် လွှတ်ငြိမ်းချမ်းသာခွင့် နှင့်မြန်မာနိုင်ငံအကျဉ်းထောင် အချို့မှ အကျဉ်းသား စုစုပေါင်း (၇၃)ဦးတို့အားလွှတ်ပေးလိုက်သည်။ယခုလွှက်မြောက်လာသော အကျဉ်းသားများမှာ အင်းစိန် အကျဉ်းထောင် မှ (၆) ဦး၊ ရွှေဘိုအကျဉ်းထောင်မှ (၅) ဦး၊ င်္ဟသာတအကျဉ်းထောင် မှ (၁) ဦး၊မော်လမြိုင် အကျဉ်းထောင် မှ (၁) ဦး သာယာဝတီ အကျဉ်းထောင် မှ (၈)ဦး၊မြစ်ကြီးနားအကျဉ်းထောင် မှ (၁၆)ဦီး ၊ မန္တလေးအကျဉ်းထောင်မှ (၈)ဦး၊ လှေ လှော်အင်း ရဲဘက်စခန်းအကျဉ်းစခန်းမှ (၁)ဦး၊ တို့ဖြစ်ပြီး ကြပြီး ယင်းသို့ နိုင်ငံတော်လွက်ငြိမ်းချမ်းသာခွင့် ဖြင့် လွက်မြောက်လာသော အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသား (၆၈)ဦးတို့ ပါဝင်ကြသည်ဟုသိရသည်။ နောက်ဆက်တွယ် ရရှိသောသတင်းများကိုလည်းဆက်လက်ဖော်ပြပေးပါမည်။
— with Ant Bwe Kyaw and 6 others.


  နိုင်ငံရေးအကျဉ်သားဟောင်းများ အဖွဲ့ (နိုင်/ကျဉ်း)မှ ပြုလုပ်ကျင်းပသော ၂၀၀၈ အခြေခံဥပဒေ ဆွေနွေးပွဲ ဖယ်ဒရယ်မှုနှင့် တိုင်းရင်းသားတို့ အမြင် ဆွေးနွေးပွဲ ကို ယခုတပတ် အစီအစဉ် တွင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှု (၁) ဗိုလ်မှုးကြီးစောလွင်မှဦးဆောင်ဆွေးနွေးမည်ဖြစ်ပါသဖြင့်
အောက်ပါဖိတ်စာပါအစီအစဉ် အတိုင်းကြွရောက်ကြပါရန်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့
ရုံးလုပ်ငန်းကော်မတီ
Email:ppinformationcenter02@gmail.com,ppinformationcenter01@gmail.com.
Facebook:Former Political Prisoner

ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ မှ အမူဆောင်ရွေးကောက်ပွဲ ကို ၁၂ နာရီတွင် ကျင်းပရန်ဖြစ်သည်။ ၁၁နာရီခွဲခန့် အချိန်တွင် သမဂ္ဂကျောင်းသား အချို့ ရွေးကောက်ပွဲကျင်းပမည့် RC-2 သို့ ကြိုတင်သွားရောက်ကာ လိုအပ်သည်များ ကိုပြင်ဆင်နေ ခဲ့ကြသည်။ယင်းအချိန်တွင် ကျောင်းလုံခြုံရေးများက "မင်းတို့ကိုဘယ်သူကခွင့်ပြုလို့ လုပ်တာလဲ"ဟူသော မေးခွန်းများမေးကာ "တာဝန်အရတော့ ကျောင်းသားရေးရာ သွားအကြောင်းကြားရမှာပဲ" ဟုဆိုကာ SECURITY များ ကျောင်းသားရေးရာသို့သွား အကြောင်းကြားကြ ဟန်တူသည် ။RC-2 သို့လည်း သမဂ္ဂ ရွေးကောက်ပွဲ ကို ဆင် နွဲရန် သမဂ္ဂကျောင်းသားများ တဖွဲဖွဲ ရောက်လာသည်။ လုံခြုံရေး ဟု ယူဆရသူ တစ်ဦး က "်မကြာခင် ဒီကို (RC-2) လူကြီးတွေလာ လိမ့်မယ် မင်းတို့တွေ ဖြေရှင်းမယ့် စကားတွေကြိုရှာထားကြ " ဟု ပြောကြားသွားသည်။
အမှန် စင်စစ် ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂ သည် ရွေးကောက်ပွဲကို သိုသိုသိပ်သိပ် ပြီးသွားစေ လိုသော ဆန္ဒ ရှိခဲ့ပါသည် ။ထို့ကြောင့် သမဂ္ဂ အဖွဲ့ဝင်များ ကို ရင်ထိုးထိုးခြင်း ၊ခွပ်ဒေါင်း အလံလွှင့်ခြင်းများ မပြုလုပ်ရန် ကြိုတင် မေတ္တာရပ် ခံထား ခဲ့သည်။
၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ်ဦးဆောင်သော ကျောင်း အာဏာ ပိုင် အဖွဲ့ RC-2 သို့ ရောက်လာပြီး သမဂ္ဂ ရွေးကောက်ပွဲ ကို မပြုလုပ်ရန်တားမြစ် သည်။ ကျောင်းသားများ က ယခုရွေးကောက်ပွဲကို သိုသို သိပ်သိပ်နှင့် ပြီးသွား စေရမည်ဟု ကတိပေးပြီးရွေးကောက်ပွဲ ကို ဆက်လက် ကျင်းပခွင့်ပေးရန် တောင်းပန် သော်လည်း ဒုပါချုပ်က လုံးဝ ခွင့်ပြုမှာ မဟုတ်ကြောင်းပြောဆို ရင်း အနီးနားရှိ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးနေသော ကျောင်းသားများ ထံမှ PHONES များတောင်းယူ ကာ မှတ်တမ်းများ ကိုဖျက်ပစ်ခဲ့သည်။"ဒီနေရာ ဓာတ်ပုံမရိုက်ရ ဘူးဟုပြောသည့်အပြင် အဆိုးဆုံး မှာ လူထုပုံရိပ် ဂျာ နယ်မှ သတင်း လာယူနေသော သတင်းထောက် ကို ပင် ဓာတ်ပုံ မရိုက်ရန် ဗီဒီယို မရိုက်ရန် တားမြစ် ခြင်းပင် ဖြစ်သည်။ရွေးကောက်ပွဲကိုဆက်လက် ကျင်းပ လိုသည့် ကျောင်းသားများ နှင့် ကျင်းပခွင့် လုံးဝ မပေးလိုသော ကျောင်းအာဏာ ပိုင် များအကြား အချေအတင် ဖြစ်ပွားခဲ့သည် ။ဒု ပါချုပ် ကိုယ် တိုင် ကျောင်းသားထု ၏ ဆန္ဒ သဘောထားကို ရိုက်ချိုးပစ်ရန် မဖြစ်နိုင်တော့သည့်အခြေအနေတွင် ကျောင်းသားများထဲမှ ကိုယ်စားလှယ် ၅ ဦး ကို ကျောင်းသားရေးရာသို့ ခေါ် ဆောင်ပြီး ပါချုပ်ကြီး နှင့် တွေ့ ရှင်းရန်ပြောသည် ။ ထို့ကြောင့် ရွေးကောက်ပွဲ ဆက်လက်လုပ်ဆောင် ရန် ဟူသော ကျောင်းသားများ ၏သဘောထား ကိုယူဆောင် လျက် စိုပြေအောင် ဇင်မာလွင် ကျော်ဇင် စွမ်းကောင်း မင်းသုခ ကျောင်းသား ၅ ယောက် SSC တွင် ပါချုပ် ကြီးနှင့် တွေ့ဆုံ ကာ ဆက်လက်ကျင်းပ ခွင့်ပေးရန်တောင်းဆိုသည် ပါချုပ်ကြီး မှ ဝေ့လည်ချောင်ပတ် ပြောကာ အချိန် ဆွဲ နေခဲ့သည် ။ ယင်းပါ ချုပ်နှင့် တွေ့ နေစဉ် ဒုပါ ချုပ်များ ဆရာ ဆရာမများ စွာ က ကျောင်းသားများ ခြိမ်းခြောက် သည့် ပုံစံ မျိုးပြုမူ ခဲ့သည်။ ပြင်ပ ကျောင်းသားတစ် ဦးအနေ ဖြင့် လာရောက်လေ့လာ သော ကျောင်းသားတစ်ဦး နှင့် ပက်သက်၍ ငှာနမှူး ဦးသက်လွင် က "ငါရာထူးပြူတ်ချင် ပြုတ်ပစေ အဲဒီကောင် ကို ရဲလက်အပ် မယ် "ဟု ပြော ဆို ခဲ့သည်။ နောက်ဆုံး ပါ ချုပ် က ကျောင်းပရ၀ုဏ် အတွင်း ကျင်းပ ခွင့်မပေး ဟု ပြောကြား ခဲ့သည်။
ထို ကျောင်းသား ၅ ဦး SSC မှပြန် လာချိန်တွင် RC-2 မှ ကျောင်းသားအား လုံး နှင့် တိုင်ပင်ပြီး ပါချုပ် ခွင့်မပြုသော်လည်း ကျောင်းသားများ ဆန္ဒအရ ဒဂုံ တက္ကသိုလ် မြေပေါ်တွင် ခွပ်ဒေါင်း အလံလွှင့် ကာ ကျင်းပ ခဲ့လေ သည်။
အာဏာ ပိုင် များ က လာမည့် နေ့ရက်များ တွင် ခွင့်ပြုချက် မရီဘဲပြု လုပ်ခဲ့သော သမဂ္ဂ ကျောင်းသား များအား မည်သို့ အရေး ယူမူများပြု လုပ်ဦးမည်ကို ဆက်လက်ဖော်ပြပေး သွားပါမည် ။
— with Kyaw Zin and 3 others.

မူဆလင်တွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေဟာ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ ဒေသတွင်း နိုင်ငံတွေမှာလည်း ရှိနေသလို၊ တချိန်တည်းမှာ မြန်မာပြည် အတွင်းမှာလည်း အခုထက်တိုင်အောင် အခြေအနေဟာ မအေးချမ်းနိုင်သေးဘဲ ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကို (၄၆) ကြိမ်မြောက် ဘရူနိုင်းမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာလည်း ဆွေးနွေးခဲ့ကြတာရှိပါတယ်။
တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ဘရူနိုင်းအစည်းအဝေးအတွင်း မလေးရှားနိုင်ငံက မြန်မာနိုင်ငံကို မူဆလင်တွေအပေါ် အခုထက်ပိုပြီး ထိထိရောက်ရောက် အကာအကွယ်ပေးရေးနဲ့ ပြစ်မှု ကျူးလွန်သူတွေကိုလည်း ထိုက်သင့်သလို ပြစ်ဒဏ်ကျခံစေရေး စတာတွေတို တိုက်တွန်း လိုက်ပါတယ်။ အခု နောက်ဆုံး အရှေ့တောင်အာရှ ဒေသတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေဟာ မြန်မာပြည်တွင်းက အခြေအနေတွေနဲ့ ပတ်သက် ဆက်စပ်နေတယ်လို့လည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ မူဆလင်တွေဟာ အကြမ်းဖက်ခံရ မှုတွေကြောင့် မြန်မာပြည်ကနေ ထွက်ပြေးခဲ့ကြပါတယ်။ အများစုက မူဆလင်အများစုနေထိုင်ရာ မလေးရှားနိုင်ငံဘက်ကို လှေစီးပြီး ထွက်ပြေးခဲ့ကြပါတယ်။ မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဟာ မြန်မာပြည်အနောက်ပိုင်းက ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က ပျံ့နှံ့ခဲ့ပြီး အဲဒီကတဆင့် မြန်မာပြည်အလယ်ပိုင်းနဲ့ မြို့တော်ဟောင်း ရန်ကုန်အထိ ပျံ့နှံ့ခဲ့ပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman က ခုလိုပြောပါတယ်။

 “အခု ကျနော်တို့ စိတ်ပူမိတာကတော့ ဒါဟာ ရခိုင်ပြည်နယ် တခုတည်းရဲ့ ပြဿနာ မဟုတ်တော့ဘဲနဲ့ မြန်မာပြည်ရဲ့ နေရာ အတော်များများမှာ ပျံ့နှံ့လာနေတဲ့ကိစ္စ ဖြစ်လာနေရုံတင်မက၊ မလေးရှားနဲ့ အင်ဒိုနီးရှားအထိ ရောက်လာတာပါ။ ဒီတော့ ကျနော်တို့အနေနဲ့ ဒီကိစ္စ အရှိန်တက် မလာခင်၊ ပြဿနာ ကြီးထွားမလာခင်မှာ ရပ်တန့်အောင် လုပ်ဖို့ အာရုံစိုက်ကြဖို့ လိုပါတယ်။ မြန်မာတနိုင်ငံတည်းမှာ မဟုတ်ပါဘူး၊ တခြား ရိုဟင်ဂျာတွေ ရှိတဲ့ ဘယ်နေရာမှာ မဆိုမှာ လုပ်ကြရမှာပါ။”

ကမ္ဘာပေါ်မှာ မူဆလင်အများစုရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ လထဲကပဲ မြန်မာသံရုံးကို အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့သေးတာပါ။ ဒီလို ကြံစည်ခဲ့တာကို အချိန်မီ ကြိုတင် တားဆီးနိုင်ခဲ့ပါတယ်။ သံရုံးကို တိုက်ခိုက်ဖို့ ဦးဆောင်သူအဖြစ် သံသယရှိသူလို့ ယူဆရယူက သူတို့က မြန်မာပြည်တွင်းမှာ မူဆလင်တွေကို တိုက်ခိုက်တာတွေအပေါ် လက်တုံ့ပြန်ဖို့အတွက် အခုလို စီစဉ်တာဖြစ်တဲ့အကြောင်း အာဏာပိုင်တွေကို ပြောခဲ့ပါတယ်။

အဲဒီလိုမျိုး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ နေထိုင်ကြတဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာတွေကြားမှာ မကြာသေးခင် သီတင်းပတ်တွေ အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီကနေ တဆင့် ဒေသတွင်းအထိ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာမှာမျိုး စိုးရိမ် ပူပန်မှုတွေလည်း ရှိနေကြတာပါ။

မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၃ သောင်းလောက် ဒုက္ခသည်အဖြစ်နဲ့ မှတ်ပုံတင်ထားကြောင်း၊ ဒါပေမဲ့ ဒီနှစ်အတွင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှု တွေကြောင့် မြန်မာပြည်ထဲက ရွှေ့ပြောင်း မူဆလင်တွေရဲ့ အရေအတွက်ဟာ အခု မှတ်ပုံတင် ပမာဏထက် အဆမတန်များကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက UNHCR က ပြောပါတယ်။

နှစ်ပေါင်း ၅၀ လောက်အတွင်း၊ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ် ဆီကို ပြန်လှည့်စ ကာလအတွင်း ၂၀၁၁ ခုနှစ်ကလမှာ ဖြစ်ပေါ်လာတဲ့ မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ရပ်တန့်သွားအောင်လုပ်ဖို့၊ ဒါမှမဟုတ် တရားသဖြင့် စီရင်ဆုံးဖြတ်ပေးဖို့အတွက်တော့ မြန်မာအစိုးရက မဖြစ်စလောက် အရေးယူပြတာကိုပဲ တွေ့ခဲ့ရတယ်လို့  လေ့လာသူတွေက ပြောကြပါတယ်။

အခုလို အာဆီယံ နိုင်ငံတွေက ဘရူနိုင်းမှာ အစည်းအဝေးကျင်းပပြီး ဒေသတွင်း အတွက်ပါ မြန်မာပြည်နဲ့ ဆက်စပ်ပြီး ဘာသာရေးနဲ့ မူဆလင်ရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာမှာကို စိုးရိမ်လို့ ကာကွယ်ဟန့်တားမှုတွေ ပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းကြ၊ တိုင်ပင်ညှိနှိုင်းကြ လုပ်နေကြတဲ့ တချိန်တည်းမှာပဲ သံတွဲမြို့မှာ အမျိုးသမီးတစ်ဦး ထပ်မံ အဓမ္မပြုကျင့်ခံရတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြန်တဲ့အကြောင်း ပြန်ကြားရေး ဌာန ဒု ဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ် အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီသတင်းကြောင့် မြို့သစ်ရပ်ကွက်မှာ အိမ်နှစ်လုံး မီးလောင်ကျွမ်း ခဲ့ရပြီး ဒေသအာဏာပိုင်တွေက ညမထွက်ဖို့ လှည့်လည်ကြေညာနေသလို၊ မြို့အဝင်အထွက်လမ်းတွေကိုလည်း ပိတ်ထားလိုက်တယ်လို့ သိရကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဒေသခံ ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ ဖော်ထုတ်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆက်လက် ဖော်ပြထားပါတယ်။

ဗုဒ္ဓဘာသာကို အကြမ်းဖက်တယ်လို့ ပြောတာကို မူဆလင် ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့ လုံးဝ လက်မခံနိုင်ဘူးလို့ ဒီကနေ့ကျင်းပတဲ့ လူမျိုးပေါင်းစုံ အတူ ယှဉ်တွဲ နေထိုင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဟောပြောပွဲမှာ မှုဆလင် ဘာသာရေးခေါင်းဆောင် တစ်ဦးက ပြောသွားတာပါ။ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတချို့ကလည်း ပဋိပက္ခတွေ ပြေပျောက်ဖို့အတွက် မေတ္တာ တရားကိုသာ ရှေ့တန်းတင်ကြဖို့ မိန့်ကြားခဲ့ပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ် အစောပိုင်းတွေမှာ မြန်မာနိုင်ငံအတွင်း ဘာသာရေးကို အခြေခံတဲ့ ဆူပူမှုတွေ ဖြစ်ခဲ့တဲ့အတွက် လက်ရှိအချိန်မှာတော့ ဘာသာရေးနဲ့ပတ်သက်ပြီး ပြဿနာတွေ ထပ်မဖြစ်အောင် ဆိုပြီး ဘာသာပေါင်းစုံက ခေါင်းဆောင်ပိုင်းတွေက ဟောပြောပွဲတွေ ပြုလုပ်ပြီး အသိပညာပေးမှုတွေ ပြုလုပ်လာတာပါ။

၈၈ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော်မှနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ.(FPPs)ကိုနိုင်မြန်မာ၏ပြည်စောင်.ခွေးကဗျာစာအုပ်အုပ်၁၀၀လှုဒါန်းခဲသည်။

တေးရေးဆရာနိုင်မြန်မာနှင်.သူ၏၈၈တုန်းကထုတ်ဝေခဲ.သောကမ္ဘာမကြေဘူးသီးချင်အားနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ.ပြုလုပ်သော၈၈ပုံရိပ်များခွေတွင်အသုံးပြု၇န်ဆွေးနွေးနေကြစဉ်


      အမေရိကန်နိုင်ငံFortWayne မြို.တွင်ကျင်းပ ပြုလုပ်မည့်၈၈မျိုးဆက်ညီလာသို့
.နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ.မှသ၀ဏ်လွှာ ပေးပို့ ခြင်း

အမေရိကန်သမ္မတ ရော်ဘင်(န်) ကျွန်း အကျဉ်းထောင်ကို သွားရောက်လေ့လာ။ (ဇွန်လ ၃၀ ရက်၊ ၂၀၁၃)။ 
ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) ဟာ ဒီကနေ့ တောင်အာဖရိကနိုင်ငံ Cape Town မြို့ မှာ ရှိတဲ့ ရော်ဘင်(န်) (Robben) ကျွန်း အကျဉ်းထောင်ကို သွားရောက်လေ့ လာခဲ့ပါ တယ်။ တောင်အာဖရိကနိုင်ငံ မှာ  အသားအရောင်ခွဲခြားမှုကို ဦးဆောင် တိုက်ဖျက်ခဲ့သူ Nelson Mandela ထောင်ဒဏ် ၂၇ နှစ်မှာ ၁၈ နှစ် အကျဉ်းချခံခဲ့ရတဲ့ အကျဉ်းခန်းအပြင်၊ ANC အာဖရိကန် အမျိုး သား ကွန်ဂရက်က အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ကြိုးပမ်းခဲ့ကြတဲ့ တခြားခေါင်းဆောင်တွေ အလုပ်ကြမ်း လုပ်ခဲ့ရတဲ့ ထုံးကျောက်တွင်းကိုလည်း သွားရောက်ကြည့်ခဲ့ပါတယ်။
အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားခဲ့သူ လည်းဖြစ် ရော်ဘင်(န်) ထောင် အကျဉ်း သားဟောင်းလည်း ဖြစ်တဲ့ အသက် ၈၃ နှစ်အရွယ် Ahmed Kathrada က သမ္မတအိုဘားမားနဲ့ မိသားစုကို အကျဉ်းထောင်ထဲ လိုက်ပြခဲ့တာပါ။ ဒီလေ့လာမှုဟာ မစ္စတာမန်ဒဲလား လိုပဲ ယုံကြည်ချက်ကြောင့် အကျဉ်း ချ ခံထားရသူတွေ အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ သွားရောက် တာဖြစ်တယ်လို့ အိမ်ဖြူတော် က ပြော ပါတယ်။

သမ္မတအိုဘားမားရဲ့ Cape Town မြို့ခရီးစဉ်မှာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး (Desmond Tu Tu) ဖွင့် ထားတဲ့ ကျန်းမာရေး စင်တာကို သွားရောက်လေ့လာဖို့ ရှိသလို၊ Cape Town တက္ကသိုလ် မှာ ကျောင်း သူ ကျောင်းသားတွေကို သမ္မတအိုဘားမား မိန့်ခွန်းပြောဖို့ရှိပါတယ်။

အာဖရိကတောင်ပိုင်းနိုင်ငံတွေမှာ လျှပ်စစ်မီး အခုထက် ၂ ဆပိုရရှိရေး အစီအစဉ်သစ်အကြောင်းနဲ့ အာဖရိတိုက် တောင်ပိုင်းနိုင်ငံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲ ကို ရှေ့နှစ်ကျရင် ၀ါရှင်တန်မြို့တော် မှာ ကျင်းပဖို့ရှိတဲ့ အစီအစဉ်ကို သမ္မတ အိုဘားမား မိန့်ခွန်းထဲမှာ အသိပေးပြောလိမ့်မယ်လို့ ခန့်မှန်းရပါ တယ်။
အမေရိကန်သမ္မတနဲ့ သမ္မတကတော် ရော်ဘင်(န်) ကျွန်း အကျဉ်းထောင်ကို သွားရောက်လေ့လာ။ (ဇွန်လ ၃၀ ရက်၊ ၂၀၁၃)။


သမ္မတအမိန့်ဖြင့် ဆိုင်းငံ့ထားသော ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည် စတင်နိုင်ရန် တရုတ်စွမ်းအင် ရင်းနှီး မြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI) ကုမ္ပဏီက ကချင် ဘာသာရေး ခေါင်းဆောင်များကို စည်းရုံး ပြောဆိုမှုများရှိကြောင်း သိရ သည်။

ယခုလ ၁၄ ရက်နေ့က CPI ကုမ္ပဏီ ဒုတိယ ညွန်ကြားရေးမှူး တဦးအပါအ၀င် အင်ဂျင်နီယာ ၆ ဦးတို့က မြစ်ဆုံဒေသမှ ဘာသာ ရေး ခေါင်းဆောင် တချို့ကို သွားရောက်တွေ့ဆုံ၍ စည်းရုံး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်(KDNG) က ပြောရေး ဆိုခွင့်ရှိသူ မဆိုင်းမိုင်က ဧရာဝတီသို့ ပြောသည်။

CPI အနေနှင့် မြစ်ဆုံ စီမံကိန်း ပြန်လည် စတင်နိုင်ရန် အတွက် သမ္မတ ဦးသိန်းစိန် ၏ သက်တမ်း ကုန်ဆုံးမည့် အချိန်ကို စောင့် ဆိုင်း နေခြင်း ဖြစ်သည်ဟု ဘာသာရေး ခေါင်းဆောင်များကို ပြောကြားကြောင်း ၎င်းက ဆိုသည်။

“သူတို့ ဘာမှ ဒေသခံတွေ ခေါ်ပြီး မြစ်ဆုံစီမံကိန်း တည်ဆောက်နေတဲ့ နေရာကို ခေါ်သွားစရာအကြောင်း မရှိဘူး၊ ခေါ်သွားပြီး တော့ မြစ်ဆုံရေကာတာကြီး ဆောက်လုပ်လို့ ရှိရင် ဒေသခံတွေကို ဘယ်လောက် အကျိုးပြုမယ်ဆိုတဲ့ အကြောင်းတွေ ပြောတယ်၊ အစိုးရက ပေးမလုပ်ဘူး ဆိုရင်လည်း နိုင်ငံတကာ လုပ်ထုံးလုပ်နည်း ဥပဒေနဲ့ သူတို့ ဆက်လုပ်သွားမယ်လို့ ပြောတယ်”ဟု မဆိုင်း မိုင်က ပြောဆိုသည်။

CPI ကုမ္ပဏီ တာဝန်ရှိသူများအနေနှင့် ဘာသာရေး ခေါင်းဆောင်များကို မြစ်ဆုံစီမံကိန်းတည်ဆောက်မည့် နေရာသို့ ခေါ်ဆောင် သွားပြီး လမ်းတံတား တည်ဆောက်ထားခြင်းနှင့် ဖွံ့ဖြိုးလာမည့် အခြေအနေတို့ကို ရှင်းပြခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် ကောင်စီဝင် မစ္စတာ ရန်ကျဲချိကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုဖွံ့ဖြိုးရန် ပိုမိုနက်နဲစွာ ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့တို့ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်းသည် ရလဒ်ကောင်းများ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ၀မ်းသာကြောင်း၊ တရုတ် မြန်မာ နယ်စပ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း မစ္စတာ ရန်ကျဲချိက ပြောသည်။

မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်မှ ကြိုးပမ်းလာမှုကို သတင်းရေးသား ဖော်ပြကြသော်လည်း မြန်မာ အစိုးရ ဘက်က သတင်းထုတ်ပြန်ခြင်း မရှိပေ။

CPI ကုမ္ပဏီက မြစ်ဆုံဆည် တရားဝင် ဆက်လက် လုပ်ကိုင်နိုင်ရေးကို မြန်မာအစိုးရနှင့် အကြိမ်ကြိမ် ကြိုးပမ်းနေကြောင်းလည်း သိရသည်။

ယခုနှစ် ဧပြီလ ၁၈ ရက်နေ့က မြစ်ဆုံအနီးမှ အဓမ္မ အပြောင်းရွှေ့ခံရပြီး အောင်မြင်သာ စံပြကျေးရွာသို့ ရောက်ရှိနေသော ဒေသခံ တချို့ကို CPI ကုမ္ပဏီ အရာရှိ LU Qizhou က လာရောက် စည်းရုံးနေခြင်းကိုလည်း KDNG က ရုပ်သံမှတ်တမ်း ပြုစု၍ ဖော်ထုတ် ခဲ့သည်။

အဆိုပါ ရုပ်သံမှတ်တမ်းတွင် Mr. LU Qizhou က“သတင်းတွေမှာပါတဲ့ မြစ်ဆုံအကြောင်းကို ခင်ဗျားတို့လည်း သိမှာပါ။ မြစ်ဆုံရေ ကာတာ ဆောက်လုပ်ရေးဟာ လုံးဝ စိတ်ချရပါတယ်လို့ ဒီနေရာမှာ အာမခံပါတယ်”ဟု ရွာသားများကို ပြောဆိုသွားခဲ့သည်။

တရုတ် အစိုးရသည် မြစ်ဆုံစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မေခ၊ မေလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများ အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

မြန်မာအစိုးရ အမှတ် ၁ လျှပ်စစ် ၀န်ကြီးဌာနနှင့် တရုတ် CPI တို့တည်ဆောက်နေသော မြစ်ဆုံ စီမံကိန်း ပြီးစီးပါက လျှပ်စစ် ဓာတ် အား မီဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်မည်ဟု သိရပြီး ထိုစီမံကိန်းများကို၂၀၀၆ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ ၂၀၀၉ ခုနှစ်တွင် CPI ကုမ္ပဏီက ဦးဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ၎င်း၏ သမ္မတ သက်တမ်းတွင် ဆိုင်းငံ့ထားမည်ဟု ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ ပြုလုပ်ကျင်းပသော ၂၀၀၈ ခြေခံဥပဒေဆွေးနွေးပွဲ(၈/၂၀၁၃)
================================

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ ပြုလုပ်ကျင်းပသော ၂၀၀၈ ခြေခံဥပဒေဆွေးနွေးပွဲ (၈/၂၀၁၃)
ဖက်ဒရယ်မှု နှင့် တိုင်းရင်းသားတို့းအမြင် ဆွေးနွေးပွဲကို ၃၀.၆.၂၀၁၃ တွင် ရန်ကုန်တိုင်းဒေသကြီးရွှေဂုံတိုင် တော်ဝင်နှင်းဆီ စားသောက်ဆိုင် ငြိမ်းချမ်းခန်းမတွင် ကျင်းပပြုလုပ်ပါသည်။ ထိုနေ့ပွဲသို့ ရခိုင်ဒီမိုကရေစီအဖွဲချုပ် မှ ဥက္ကဌ ဦးအေးသာအောင် မှ ဦးဆောင်ဆွေးနွေးမှုကိုပြုလုပ်သည်။ ထိုပွဲသို့ နိုင်ငံရေးပါတီ အသီသီးမှ ကိုယ်စားလှယ်များ၊ ဒီ မိုကရေးစီရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေး၊ငြိမ်းချမ်းရေးတို့တွင် ပါဝင်လှုပ်ရှားနေကြသော နိုင်ငံရေးအဖွဲ့ အသီးသီး မှ ကိုယ်စားလှယ် များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
 

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPs) နှင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး မြန်မာနိုင်ငံ(AAPP) တို့ပူးပေါင်းပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများဘ၀ပြန်လည်ထူထောင်ရေး နှင့် လက် ရှိ(၁၇.၅.၂၀၁၃) တွင် လွှက်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံရေး လုပ်ငန်း စဉ်များကို ဆောင်ရွှက်ခဲ့ကြသည်။ ၄င်းဆောင်ရွှက်မှု့များကို MRTV4 (ရုပ်သံ) မှ လာရောက်ပြီး တွေဆုံမေး မြန်းစဉ်

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား အတွက် Facebook စတင်ဖွင့်လှစ်
==============

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား အတွက် Facebook ကိုယနေ့ ဇွန်လ၊၁၀ ရက် မွန်းလွဲပိုင်းမှ စတင် ဖွင့်လှစ်လိုက်သည်။
Facebook အမည်မှာ 8888 silver jubilee ဖြစ်ပြီး Facebook link မှာ https://www.facebook.com/pages/8888-silver-jubilee/275776845902563?fref=ts ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ မှ ပြုလုပ်ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲ (၇/၂၀၁၃)
==================================
နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ မှ ပြုလုပ်ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲ (၇/၂၀၁၃) ဖက်ဒရယ် မှု နှင့် တိုင်းရင်းသားတို့ အမြင် ဆွေးနွေးပွဲကို
(၁၅.၆.၂၀၁၃) စနေ့ နေလည် (၁)နာရီ တွင် တော် ၀င်နှင်းဆီ စားသောက်ဆိုင် ငြိမ်းချမ်းခန်းမတွင် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်တလညီ မှ ဦးဆောင် ဆွေးနွေးခဲ့
(7 photos)

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPs) နှင့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) တို့ ပူးပေါာင်းပြီးလှူဒါန်းမှု
=======================================
ယနေ့ (၁၈.၆.၂၀၁၃) အဂါင်္နေ့ နံနက် ၁၂နာရီခန့် တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPs) နှင့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) တို့ ပူးပေါာင်းပြီး တော့
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဗဟိုအကျဉ်းထောင်သို့ သွားရောက်ပြီးတော့ လက်ရှိအကျဉ်းကျ နိုင်ငံရေးအကျဉ်းသား အတွက် တဦးလျှင် (၅၀၀၀၀)ကျပ် အကျဉ်းကျ နိုင်ငံရေးအကျဉ်းသား (၁၃)ဦး အတွက် စုစုပေါာင်း (၆၅၀၀၀၀) ကျပ်ကို လူမူရေး၊ကျန်းမာရေးကူညီထောက်ပံများကိုသွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။



18Like · ·

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ.နှင်.၈၈ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူကိုမောင်မောင်ကျော်တို.တွေ.ဆုံးဆွေးနွေးစဉ် (7 photos)

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ပြုလုပ်သော ၂၀၀၈ အခြေခံဥပဒေဆွေးနွေးပွဲ(၈/၂၀၁၃)
======================================================

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆွေးနွေးပွဲ (၈/၂၀၁၃) ဖက်ဒရယ်မှုနှင့် တိုင်းရင်းသားတို့၏အမြင် ဆွေးနွေး ပွဲသို့အောက်ပါ ဖိတ်စာအတိုင်း ကြွရောက်ကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။


သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ စတုတ္ထအကြိမ်မြောက် စည်းဝေး
================

ဇွန်လ(၁၀)ရက် ညနေ(၃)နာရီတွင် ရှစ်လေးလုံးငွေရတု အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ၏ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ကြသည်။ အစည်းအဝေးသို့ ဆပ်ကော်မတီဝင် (၁၃)ဦးတက်ရောက် ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၉)ရပ်ကို ဆုံးဖြတ်ခဲ့ကြသည်။ ၄င်းဆုံးဖြတ်ချက်များတွင် Web Page ကို အမြန်ဆုံး ထုတ်လွှင့်နိုင်ရန်
(၁) ကိုဌေးကြွယ်
(၂) ကိုအံ့ဘွယ်ကျော်
(၃) ကိုသက်ဇော်
(၄) ကိုကျော်ဇော
(၅) ကိုဇော်လင်းအောင်
(၆) ကိုအဂ္ဂ တို့က တာဝန်ယူဆောင်ရွက်ကြမည်ဖြစ်သည်။
ပဥ္မမအကြိမ် သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေးကို ဇွန်လ (၁၂)ရက် မွန်းလွဲ (၃)နာရီတွင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မိတ်ဆက်

နရသိန် ကိုပြန်လည် ၍ဆန်းသစ် လိုက်ပါသည် ။ ယ္ခင် က မအား
၍ တစ်ကြောင်း မိမိကိစ္စများ နှင့်လုံးလည်ချာလည်လိုက် နေ၍
တစ်ကြောင်း စသည့် အကြောင်းကြောင်းများကြောင့် ဆက်မလုပ်
ဖြစ်ပေ။ ယ္ခု တစ်ဖန် ပြန်လည်၍ အသက်ဝင်လာပါပြီ

မြန်မာသတင်း

နိုင်ငံတကာ မြန်မာသတင်းများ


နရသိန်
တင်ဆက်
အောင်မိုး

အကြံပေးနိုင်ပါသည်

လူဖတ်များသောသတင်း

လာရောက်လည်ပတ်သည့်နိုင်ငံများ

ဝင်ရောက်ကြည့်ရှု့နေသည့်နိုင်ငံများ