နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသမီးတွေ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပညာရေး ထောက်ပံ့ ကူညီမှု အခမ်းအနားကို ရန်ကုန်မြို့  ရွှေဂုံတိုင်က ရုံးချုပ်မှာ ဒီကနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်က အားပေးစကား ပြောပြီး၊ ကျောင်းသား တယောက်ကို ကျပ်ငွေ ၄ သောင်းနှုန်းနဲ့  စုစုပေါင်း ကျောင်းသား အယောက် ၁၄၀ ကို ကူညီ လိုက်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့  အထွေထွေအတွင်းရေးမှုးရဲ့ ရုံးအဖွဲ့ မှုး ဦးဝင်းထိန်က RFA ကို အခုလိုပြောပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောတဲ့အခါမှာ ဒီ နိုင်ငံရေး ယုံကြည်ချက်နဲ့ လုပ်ရင်နဲ့ ထောင်ကျနေတဲ့သူတွေ စိတ်ဓါတ်မကျဘဲ အထဲမှာ ဆက်ပြီးရှိနေအောင်က ကလေးတွေရဲ့ ပညာရေးက အရေးကြီးတယ်။ မိဘတွေက ထောင်ကျသွားသော်လည်းဘဲ ပညာရေးနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ကျိုးစားပြီးတော့ ထူးချွန်အောင် လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောသွားတာပေါ့နော်။" ထောက်ပံ့ကြေးရတဲ့ ကျောင်းသားတွေဟာ များသောအားဖြင့် မူလတန်းနဲ့ အလယ်တန်း အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ NLD က အခုလို ပညာရေး ထောက်ပံ့ ကူညီနေတာ တနှစ်ကို တကြိမ်နှုန်းနဲ့  ဒီနှစ်ဆိုရင် ၁၀ နှစ်ဆက်တိုက် ရှိပြီလို့ သိရပါတယ်။

0 Responses to နိုင်ငံရေးအကျဉ်းသားတွေရဲ့ကလေးများကို ပညာရေး အထောက်အပံ့ ပေးအပ်

Post a Comment

မိတ်ဆက်

နရသိန် ကိုပြန်လည် ၍ဆန်းသစ် လိုက်ပါသည် ။ ယ္ခင် က မအား
၍ တစ်ကြောင်း မိမိကိစ္စများ နှင့်လုံးလည်ချာလည်လိုက် နေ၍
တစ်ကြောင်း စသည့် အကြောင်းကြောင်းများကြောင့် ဆက်မလုပ်
ဖြစ်ပေ။ ယ္ခု တစ်ဖန် ပြန်လည်၍ အသက်ဝင်လာပါပြီ

မြန်မာသတင်း

နိုင်ငံတကာ မြန်မာသတင်းများ


နရသိန်
တင်ဆက်
အောင်မိုး

အကြံပေးနိုင်ပါသည်

လူဖတ်များသောသတင်း

လာရောက်လည်ပတ်သည့်နိုင်ငံများ

ဝင်ရောက်ကြည့်ရှု့နေသည့်နိုင်ငံများ